လေရူးသုန်သုန် ဇာတ်ကားမှ မင်သမီး အိုလီဗာ ဒီဟာဗီလာလန် သေဆုံး

၂၇ ဇူလိုင်

 

 

အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်ဆု နှစ်ခုရရှိပြီးဖြစ်သည့် မင်းသမီး အိုလီဗာ ဒီဟာဗီလာလန်သည် အသက် ၁၀၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

 

 

သူမသည် ဇူလိုင်လ ၂၆ ရက်နေ့က ပဲရစ်မြို့နေအိမ်တွင် ၉၆ပါးသော ရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

 

သူမကို ၁၉၁၆ ခုနှစ်  တိုကျိုမြို့တွင် ဗြိတိန်မိဘ နှစ်ပါးမှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး မကြာမီ ကယ်လီဖိုးနီးယားသို့ ပြောင်းရွေ့လာခဲ့ခြင်းဖြစ်သည်။

 

 

သူမသည် ငယ်ရွယ်စဉ်က အသက်မွေးဝမ်းကျောင်းအတွက် ပြဇာတ်ရုံတွင် ကပြဖျော်ဖြေခဲ့သည်။

 

 

သူမသည် ၁၉၉၃ ခုနှစ်တွင် လေရူးသုန်သုန်ဇာတ်ကားတွင် အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ပြီးနောက် အဆိုပါ ဇာတ်ကားတွင် အဓိက ဇာတ်ဆောင်ဖြစ်သည့် စကားလက် အိုဟာရာနှင့် လက်ထပ်ခဲ့သည်။

 

 

 သူမသည် အဆိုပါဇာတ်ကားဖြင့် အော်စကာဆုအတွက် အကောင်းဆုံး နာမည်စာရင်းတွင်လည်း ပါဝင်ခဲ့သည်။

 

 

ဒီဟာဗီလာလန်သည် To Each His Own နှင့် The Heiress ဇာတ်ကားတို့တွင် အော်စကာဆု နှစ်ဆု ဆွတ်ခူးရရှိခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်