Latest News
နောက်ဆုံးရသတင်းများ
Naypyitaw State Academy တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကျင်းပ
03/01/23
နေပြည်တော် ဇန်နဝါရီ ၃
Naypyitaw State Academy တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျင်းပသော စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် Naypyitaw State Academy၊ ဘက်စုံခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုမိတ်ဆုံစားပွဲ အခမ်းအနား တက်ရောက်
03/01/23
နေပြည်တော် ဇန်နဝါရီ ၃
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုမိတ်ဆုံ စားပွဲနှင့် ကံစမ်းမဲဖောက်ခြင်း အစီအစဉ်များကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် ၆ ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်သည်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးများ ကွင်းဆင်းစစ်ဆေး
03/01/23
ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် ယနေ့နံနက်ပိုင်းက စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၄၃) သင်တန်းဆင်းပွဲသို့ တက်ရောက် ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး က အမှာစကားပြောကြားသည်။
စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
03/01/23
နေပြည်တော် ဇန်နဝါရီ ၃
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)၌ ကျင်းပသည်။
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများ ဂုဏ်ပြုပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်
03/01/23
နေပြည်တော် ဇန်နဝါရီ ၃
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ
03/01/23
နေပြည်တော် ဇန်နဝါရီ ၃
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်၍ အမှာစကားပြောကြားသည်။
ဗိုလ်တထောင်ခရိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိုက်ခရိုမာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
03/01/23
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်ဗိုလ်တထောင်ခရိုင်တွင် ယနေ့နံနက် ၆ နာရီက မိုက်ခရိုမာရ သွန်အပြေးပြိုင်ပွဲကို ကျင်းပသည်။
မကွေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်တွင် ထိခိုက်ဒဏ်ရာရသူ(၂)ဦးအား ငွေလုံးငွေရင်းအကျိုးခံစားခွင့်ပေးအပ်
03/01/23
မကွေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်တွင် ထိခိုက်ဒဏ်ရာရသူ(၂)ဦးအား ငွေလုံးငွေရင်းအကျိုးခံစားခွင့်ပေးအပ်သည့် အခမ်းအနားကို ..............
ဟုမ္မလင်း၌ မျိုစေ့အရည်အသွေးထိန်းသိမ်းခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်
03/01/23
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက .............