Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)၏ ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးသို့ တက်ရောက်
16/09/23
ရန်ကုန် စက်တင်ဘာ ၁၆
မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)၏ ဒဿမအ ကြိမ်မြောက်နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Chatrium Hotel ၌ ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ဇေယျာသီရိမြို့နယ် သီရိရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲ မရှိစေရေးအတွက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
အလေးမ အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေးပြုလုပ်
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိတပ်ဖွဲ့ဝင် ၆၀၊ အခြားအဆင့်တပ်ဖွဲ့ဝင်(၁၃၃)ဦး၊ စုစုပေါင်း(၁၉၃)ဦးတို့သည် ယနေ့ နံနက် ၈ နာရီတွင် တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရန်ကုန်မြို့ရှိ နိုင်ငံခြားသားများရေးရာဌာန၊ ပြည်ဝင်၊ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲနှင့် အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မှတ်တမ်းဌာန(ရန်ကုန်) ကြည့်ရှုစစ်ဆေး
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန နိုင်ငံခြားသားများရေးရာဌာန၊ ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာ ဌာနခွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်မိုး စပါးပန်းတိုင်အထွက်နှုန်းရရှိရေး တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက်ကြည့်ရှုစစ်ဆေး
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
အဖတ်များဆုံး သတင်း
- 21/Jul/2026