Latest News
နောက်ဆုံးရသတင်းများ
မျက်မမြင်ဆေးပညာအနှိပ် စံသင်ရိုးညွှန်းတမ်း ဆွေးနွေးပွဲကျင်းပ
20/02/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ Japan Heart နှင့် International Medical Volunteers တို့ ပူးပေါင်းဆောင်ရွက်သည့် မျက်မမြင်ဆေးပညာ အနှိပ်စံ သင်ရိုးညွှန်းတမ်း (အခြေခံအဆင့်နှင့် အဆင့်မြင့်) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပသည်။
မိုင်းဖြတ်၌ ခြောက်ဘီးယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေးချောက်ထဲ ထိုးကျ ယာဉ်မောင်း သေဆုံး
20/02/19
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျိုးင်တုံ - မိုင်းဖြတ်သွား ပြည်ထောင်စု ကားလမ်မပေါ်၊ ဆိုင်းလေကျေးရွာနှင့် ဆွပ်ပလောင်းကျေးရွာကြား မိုင်တိုင်အမှတ် (၆၉၆/၆၉၇) ကီလိုမီတာ ကြားတွင် ခြောက်ဘီးယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးချောက်ထဲ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ ကျင်းပ
20/02/19
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ကျင်းပ
20/02/19
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်ပစ္စည်းများ ရောင်ချမှု ရှိ မရှိ လိုက်လံစစ်ဆေး
20/02/19
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့မှ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရေနံချောင်းမြို့မ ဈေးကြီး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နောက်(၂)ရက်အတွင်း တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်
20/02/19
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
20/02/19
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်၁၀ နာရီက စုကလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မတ်လနှင့် ဧပြီလတို့တွင် အယ်နီညို ရာသီဥတု အမြင့်ဆုံး ရှိနိုင်
20/02/19
ယခုနှစ် နွေဥတု မတ်လနှင့် ဧပြီလတို့တွင် အယ်နီညိုရာသီဥတု အမြင့်ဆုံး ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဖယ်ခုံမြို့၌ လူနာ ၄၆၃၆ ဦးအား အခမဲ့ဆေးဝါကုသပေး
20/02/19
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ဖယ်ခုံမြို့ ရွှေဓမ္မရောင်ခြည် လူမှုဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖယ်ခုံမြို့ ရွှေဓမ္မ ရောင်ခြည် ရှမ်းစာပေနှင့် ယဉ်ကျေးမှုဓမ္မရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။