Latest News
နောက်ဆုံးရသတင်းများ
အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၁၀ဝ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြု
15/03/19
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပရာ
မိုးမိတ်၊ ထားဝယ်၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
15/03/19
မိုးမိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၂ ရက် မွန်းတည့်က မိုးမိတ်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ စိန်နန်းစိုး မော်တော်ယာဉ်ဂိတ်ရှိ တန်ဆာအပ်ထားသည့် ကတ်ထူစက္ကူပုံး အတွင်းမှ ဘိန်းဖြူ ဂရမ် ၅၅၀ ရှာဖွေတွေ့ရှိ၍
အခြေခံဆိုင်ကယ်ပြုပြင်နည်း သင်တန်းဖွင့်ပွဲနှင့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
15/03/19
ကယားပြည်နယ် လွိုင်ကော်မြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက သင်တန်းအမှတ်စဉ် (၆/၂၀၁၉) အခြေခံဆိုင်ကယ် ပြုပြင်နည်းသင်တန်းဖွင့်ပွဲနှင့် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဩစတြေးလျသံအမတ်ကြီးနှင့် UNICEF ဌာနေကိုယ်စားလှယ်တို့ သီးခြားစီတွေ့ဆုံ
15/03/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E Ms.Andrea Faulkner နှင့် UNICEF ဌာနေကိုယ်စားလှယ် Ms. June Kunnugi တို့အား ယမန်နေ့က ဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ တွေ့ဆုံသည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲများ စုံလင်စွာထွက်ပေါ်
15/03/19
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များမှာ မတ် ၁၄ ရက်က ပြီးဆုံးသွားပြီဖြစ်သောကြောင့် ဒုတိယအဆင့်ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။
ရှင်ရဟန်းတစ်ထောင် သာသနာ့အမွေ ခံယူပွဲ ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
15/03/19
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်မည့် ကချင်ပြည်နယ် လုံးဆိုင်ရာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဗုဒ္ဓအဆုံးအမခံယူပွဲနှင့် ရှင်ရဟန်းတစ်ထောင် ပဗ္ဗဇ္ဇဥပသမ္ပဒမင်္ဂလာ သာသနာအမွေခံယူပွဲ ..........
မြစ်ကြီးနား၊ အုတ်တွင်းနှင့် သာပေါင်းမြို့နယ်များတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ
15/03/19
အုတ်တွင်းမြို့နယ်၊ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ နယ်မြေခံတပ်မတော် တပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော စစ်ကြောင်းအဖွဲ့သည် မတ် ၁၂ ရက်တွင် ခပေါင်းကြိုးဝိုင်းအတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ကျွန်းသစ်/ပါကေး စုစုပေါင်း ၅ ဒသမ ၆၁၂၆ တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆာက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တွေ့ဆုံ
15/03/19
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အအုံနှင့်
တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် သမိုင်းဘာသာရပ်ကို ဖြေဆိုသူပေါင်း ၁၂၄၈၂၇ ဦးရှိ
15/03/19
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့ သမိုင်းဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၇ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၃၅၆ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၃၆၃ ခုတွင် ဖြေဆိုသူပေါင်း ၁၂၄၈၂၇ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
15/03/19
ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။