Latest News

နောက်ဆုံးရသတင်းများ

မအူပင်မြို့နယ်တွင် အလှဆင်မီးဆိုင်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား ၂ ထပ် နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း မီးလောင်ဆုံးရှုံး

မှုခင်း

27/03/19

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၁၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ သစ်လွင်ထူး မြန်မာ့ထမင်းဆိုင်တွင် မတ် ၂၆ ရက် ည ၈ နာရီအချိန်က နေအိမ်ဈေးဆိုင်အပေါ်ထပ် ဘုရားစင်တွင် ပူဇော်ထားသော အလှဆင်လျှပ်စစ်မီးဆိုင်းမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဒလမြို့နယ်ရှိ အထင်ကရနေရာများနှင့် လူနေမှုပုံစံများအား လည်ပတ်လေ့လာ

ယဉ်ကျေးမှုနှင့် ခရီးသွား

27/03/19

စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ မြစ်တစ်ဘက်တွင် တည်ရှိသော ဒလမြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျလျက်ရှိသော်လည်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်းသိရသည်။ 

မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

မိုးလေဝသ

27/03/19

၂၇ မတ်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တိုင်းထွာရရှိခဲ့သော မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

သာပေါင်း - မကျီးဇင် တောင်ပေါ်ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက် ၁၂ ဦး ဒဏ်ရာရ

မှုခင်း

27/03/19

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သာပေါင်း - မကျီးဇင် တောင်ပေါ်ကားလမ်း မိုင်တိုင် ၂၉/ဝ နှင့် ၁ အကြား ကျားခေါင်းကျေးရွာအနီးတွင် မတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ခရီးသည်များ တင်ဆောင်လာသည့် ယာဉ်တစ်စီးသည် ကုန်းအတက်၌ နောက်ပြန်လျောကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် တိုက်ပွဲရှောင်စခန်းများသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ပြည်တွင်း

27/03/19

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်သို့  နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကာ ခိုလှုံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မေလ ၂၆ ရက် မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၂၉ ရက်နေ့မှစ၍ ရုံတင်ပြသမည်

ဖျော်ဖြေရေး

27/03/19

မိဘမေတ္တာနှင့် မိသားစုဘဝသရုပ်ကို ဖော်ကျူးပြသထားသော နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၂၉ ရက်နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည် ဖြစ်သည်။

အမြင့်ဆုံးအပူချိန်စံချိန်သစ်

မိုးလေဝသ

27/03/19

နေပြည်တော်  ၂၇ မတ်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ထုတ်ပြန်သည့် အမြင့်ဆုံးအပူချိန်စံချိန်သစ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

 

ဆိပ်ဖြူမြို့နယ်ရှိ ပြည်သူအများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရယူသုံးစွဲနိုင်နိုင်ရန် ၆၆/ ၁၁ ကေဗွီမှ ၁၀ ကေဗွီ ထရန်စဖော်မာတိုးချဲ့တပ်ဆင်ပေး

ပြည်တွင်း

27/03/19

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်  ၆၆/ ၁၁ကေဗွီ ဓာတ်အားခွဲရုံတွင် 5 (MVA)မှ 10 (MVA)  ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းကို မတ်၂၆ ရက် နံနက် ၇ နာရီမှ ည ၁၂  နာရီ ထိဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးဆက်လက်ထစ်ချုန်းရွာနိုင်

မိုးလေဝသ

27/03/19

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီထုတ်ပြချက်အရ လွန်ခဲ့သော (၂၄)နာရီ အတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ကချင်ပြည်နယ်၊ ........

ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ထားသည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအတိုင်း ဆက်လက်ဝယ်ယူပေးရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ကြေညာ

စီးပွားရေး

27/03/19

ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ထားသည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအတိုင်း ဆက်လက်ဝယ်ယူပေးရန် မတ် ၂၆ ရက်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ကြေညာထားသည်။

အဖတ်များဆုံး သတင်း