Latest News
နောက်ဆုံးရသတင်းများ
မော်လူးတွင် အချိန်အခါမဟုတ် လေပြင်းမုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀ ကျော်ပျက်စီး
15/04/19
အချိန်အခါမဟုတ် လေပြင်းမုန်တိုင်းငယ်နှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လူနေအိမ် ၃၀ ကျော် ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်၊ ပင်လောင်း၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
15/04/19
ပိတ်ချင်းမြောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် ည ၁၀ နာရီက ည ၁၀ နာရီက ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ မန္တလေး - လားရှိုးကားလမ်း၊ ဘုရားကြီးလမ်းဆုံတွင် ..........
မိုင်းဆတ်မြို့ ဆိုက်ခေါင်ချောင်းအတွင်း မဟာသင်္ကြန်အကြတ်နေ့ လာရောက်လည်ပတ်သူများဖြင့် စည်ကား
15/04/19
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ ဝိုင်းနေရပ်ကွက်ရှိ ဆိုက်ခေါင်ချောင်းအတွင်း မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းတွင် လာရောက်လည်ပတ်သူများ၊ ရေကစားသူများ၊ အနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သောင်လယ်ကျေးရွာတွင် သက်ကြီးပူဇော်ပွဲ ကျင်းပ
15/04/19
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု သောင်လယ်ကျေးရွာတွင် ၂၀၁၉ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ နံနက် ၈ နာရီက ၁၃ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း နိုင်ငံတကာသံတမန်အဖွဲ့များနှင့်အတူ မန္တလေးသင်္ကြန်ပွဲတော် (အကြတ်နေ့)တွင် ပါဝင်ဆင်နွှဲ
15/04/19
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့သည် ယနေ့ (သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများ၊ သံတမန်အဖွဲ့မိသားစုဝင်များနှင့်အတူ မန္တလေးမြို့၌ ကျင်းပသည့် မြန်မာ့ ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။
မန္တလေးမြို့၌ ရေကစားသူတစ်ဦးက ရောင်စုံမီးပန်းအား လက်ဖြင့်ဝှေ့ယမ်းသည်ကို လက်ပစ်ဗုံးကွဲသည်ဟု ထင်ယောင်ထင်မှားဖြစ်ပေါ်ပြီး ရေကစားသူအချို့ အထိတ်တလန့် ဖြစ်ခဲ့
15/04/19
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ရေကစားမဏ္ဍပ်တစ်ခု၌ ယနေ့နံနက်ပိုင်းက ရေကစားသူတစ်ဦးက ရောင်စုံမီးပန်းအား လက်ဖြင့်ဝှေ့ယမ်းသည်ကို လက်ပစ်ဗုံး ကွဲသည်ဟု ထင်ယောင်ထင်မှားဖြစ်ပေါ်ပြီး
မနက်ဖြန်နံနက်အထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်
15/04/19
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။