Latest News
နောက်ဆုံးရသတင်းများ
မြန်မာနှင့် စင်ကာပူအသင်း စင်ကာပူနိုင်ငံ၌ ခြေစမ်းမည်
23/04/19
မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူ လက်ရွေးစင်အသင်းသည် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲကစားရန် နှစ်ဖက်ဘောလုံး အဖွဲ့ချုပ် သဘောတူညီမှုရခဲ့သည်။ ယင်းခြေစမ်းပွဲကို ဇွန် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။
အာရှ၏ပထမဆုံး AMI နည်းပညာသုံး မီတာဖတ်စနစ်နှင့် ဓာတ်အားခငွေကောက်ခံမှုကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်း မြို့နယ်နှစ်ခုတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီးဖြစ်
23/04/19
အရှေ့တောင်အာရှအနေဖြင့် ပထမဆုံးအသုံးပြုသော AMI နည်းပညာသုံး မီတာဖတ်စနစ်နှင့် ဓာတ်အားခငွေကောက်ခံမှုကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်နှစ်ခုဖြစ်သော ပန်းပဲတန်းမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် ယနေ့မှစတင်ကာ တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC )မှ သိရသည်။
ပုဂံဒေသတစ်ခုလုံးရေရှည်အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှုရှိစေရေးနှင့် ရှေးဟောင်းအမွေအနှစ် ဒေသထိခိုက်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
23/04/19
ပုဂံဒေသတစ်ခုလုံးရေရှည် အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်းအမွေအနှစ်ဒေသ ထိခိုက်မှုမရှိစေရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဖော်ကျူးပြသသည့် နောက်ဖေးလမ်းကြားဥယျာဉ်ကို မတ်လ ၄ ရက်နေ့၌ ဖွင့်လှစ်မည်
23/04/19
ရန်ကုန်မြို့ ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်း၏ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဖော်ကျူးပြသသည့် နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို မတ်လ ၄ ရက်နေ့၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒို့အိမ် လူမှုအဖွဲ့အစည်းထံမှ သိရသည်။
ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့အစည်းအဝေး (၁/၂၀၁၉) ကျင်းပ
23/04/19
ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၁၉)” ကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၌ ကျင်းပသည်။
မော်လမြိုင်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်မှ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ
23/04/19
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ သုတ/ရသ စာအုပ်စာစောင်များကို နေ့စဉ်လိုက်လံ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် ဟိုတယ်နှင့် ခရီးသွား၊ အခွန်ဦးစီးဌာနနှင့် ခရိုင်စက်မှုကြီးကြပ်ဌာနတို့တွင် သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာဈေးကွက်များ၌ ခိုင်မာသည့် ဈေးကွက်တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့် ဆန်များတင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
23/04/19
နိုင်ငံတကာဈေးကွက်များ၌ ခိုင်မာသည့် ဈေးကွက်တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့်ဆန်များ တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ...........
မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
23/04/19
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် ထင်းမီး၊ မီးသွေးမီးသုံးစွဲမှု အခြေအနေများကို စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် မကျရောက်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များအား ပညာပေးဆောင်ရွက်ခြင်းများကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်အတွင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အာဖဂန်နစ္စတန် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား စစ်သွေးကြွ ၁၈ ဦးသေဆုံး
23/04/19
အာဖဂန်ပြည်နယ် နှစ်ခုရှိ သီးခြားစစ်ဆင်ရေးများတွင် စစ်သွေးကြွ ၁၈ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဖဂန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
အပူချိန်မြင့်သော်လည်း ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုများပြားလျက်ရှိ
23/04/19
ယခုနှစ်ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် များပြားလျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ရှိရာ ပုဂံတွင်လည်း အပူရှိန်မြင့်မားသည့်တိုင် နေ့စဉ်နိုင်ငံခြား ခရီးသွားဧည့်သည်များ ဝင်ရောက် လျက်ရှိကြောင်း သိရသည်။