Latest News
နောက်ဆုံးရသတင်းများ
မုံရွာမြို့နယ်၌ ဧက(၅ဝ) အကျယ် ဝါးကျေးရွာတည်ထောင်ရေး မေလအတွင်း စတင်လုပ်ဆောင်မည်
24/04/19
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ဝါးနှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်းမှ တည်ထောင်မည့် ဧက(၅ဝ)အကျယ်ရှိ ဝါးကျေးရွာအား မေလအတွင်း စတင်အကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၄င်းအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။
မိတ္ထီလာမြို့၌ မြေအောက်ကေဘယ်လိုင်း တူးဖော်စဉ် စစ်ကျန်ဗုံးသီးဟောင်း လေးလုံးတွေ့ရှိ
24/04/19
မိတ္ထီလာမြို့၌ ယနေ့ နံနက် ၉ နာရီက မြေအောက်ကေဘယ်လိုင်း တူးဖော်စဉ် စစ်ကျန်ဗုံးသီးဟောင်း လေးလုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ် မယ်ဇလီပင်ကုန်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်
24/04/19
ပခုက္ကူမြို့နယ် မယ်ဇလီပင်ကုန်းကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခန့်က နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ(၁၃)ရွာ လျှပ်စစ်မီးရရှိရေး ၁၁ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်(၁၂)လုံး တည်ဆောက်
24/04/19
မန္တလေးတိုင်းဒေသကြီး ပင်တလဲဓာတ်အားခွဲရုံနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၁၃)ရွာ လျှပ်စစ်မီးရရှိရေး ၁၁ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်(၁၂)လုံး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
24/04/19
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲကို-----
ကောလင်းမြို့နယ်၌ လမ်းတိုးချဲ့ဖောက်လုပ်ရာမှ ရွှေပါသည်ဟု ယူဆကြ၍ လာရောက်တူးဖော်သူများ များပြားလျက်ရှိ
24/04/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ ဆက်သွယ်ထားသော ထီးချိုင့်-မရသိမ်-တောမ-မော်ကွန်းတိုင်-ကျောက်တန်းလမ်းကို ဘက်ဟိုးယာဉ်ဖြင့် တိုးချဲ့ဖောက်လုပ်ရာတွင် မြေများမှ ရွှေပါဝင်သည်ဟု ယူဆကြပြီး တူးဖော်သူများ များပြားလျက်ရှိသည်။
ခင်ဦးမြို့မဈေး၌ စားသုံးသူဘေးကင်းရေး ရှောင်တခင်စစ်ဆေး
24/04/19
စားသုံးသူဘေးကင်းရေးအတွက် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး၊ ခင်ဦးမြို့မဈေးနှင့် ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေး
24/04/19
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။