Latest News
နောက်ဆုံးရသတင်းများ
မြန်မာ ယူ-၁၈ အသင်း ပြန်လည်လေ့ကျင့်
25/04/19
ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၈ အသင်းသည် ယနေ့နံနက်ပိုင်းမှစ၍ ပြန်လည် လေ့ကျင့်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအဆင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မုံရွာမြို့၌ ကျင်းပ
25/04/19
စစ်ကိုင်းတိုင်းဒေသကြီးအဆင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးနှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်နှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သီရိလင်္ကာနိုင်ငံ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ကွယ်လွန်သွားသူများအတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး
25/04/19
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ကွယ်လွန် သွားသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် စာအုပ်၌ လက်မှတ်ရေးထိုးသည်။
နမ့်ခမ်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှုနေ့ အခမ်းအနား ကျင်းပ
25/04/19
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒိန်းမတ် လူမှုရေးအဖွဲ့အစည်းတို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှုနေ့ အခမ်းအနားကို (၂၄)ရက်နေ့ နံနက်ပိုင်း (၁၀)နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်နောင်မိုရပ်ကွက်ရှိ တိုင်းဧည့်ကြိုခန်းမ၌ ကျင်းပသည်။
မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂သိန်းနီးပါး ဖမ်းဆီးရမိ
25/04/19
မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု စေတီပြင်ကျေးရွာတွင် ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီက စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စာရင်းအင်းအချက်အလက်ရရှိမှု ယခင်နှစ်များထက် Open Data Inventory (ODIN) ရမှတ်များ မြင့်တက်လာဟုဆို
25/04/19
မြန်မာနိုင်ငံတွင် စာရင်းအင်းအချက်အလက်ရရှိမှုမှာ ယခင်နှစ်များထက် Open Data Inventory (ODIN) ရမှတ်များ မြင့်တက်လာကြောင်း ဗဟိုစာရင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်ကပြောသည်။
ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး ယာဉ်ယန္တရားများ ပေးအပ်ပွဲကျင်းပ
25/04/19
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ပုပ္ဖဝတီကျေးရွာ၊ ပုပ္ဖဝတီကျောင်းတိုက်၌ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး ယာဉ်ယန္တရားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။