Latest News
နောက်ဆုံးရသတင်းများ
ရေကြည်မြို့နယ်တွင် ငဝန်မြစ်ကမ်းပြိုကျမှုကြောင့် တာတုံးပြိုကျပျက်စီးပြီး စက်ယန္တာရားမျာဖြင့် အရေးပေါ်ပြင်ဆင်
28/04/19
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့ နယ်မကျီးလဟာကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၇ နာရီက ငဝန်တာမိုင် ၅၉/၅ နှင့် ၅၉/၆ ကြား တာတုံးပြိုကျပျက်စီးပြီး တာနောက်တွင် ဖြတ်တာတစ်ခုကို စက်ယန္တရားများဖြင့် အရေးပေါ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဇော်နိုင်ထံမှ သိရသည်။
(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နယ်မြေအတွင်း မြန်မာသရက်သီးများ ရောင်းအားကောင်း
28/04/19
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြိုနယ် မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် နယ်မြေအတွင်း မြန်မာသရက်သီးများ အရောင်းအဝယ် ကောင်းနေကြောင်း သိရသည်။
ရေစကြိုမြို့နယ် ခံစပ်တောကျေးရွာသို့ သောက်သုံးရေများလှူဒါန်း
28/04/19
ရေစကြိုမြို့ မြို့နယ်မီးသတ်စခန်းမှ တောင်ဦးကျေးရွာအုပ်စု ခံစပ်တောကျေးရွာရှိ စက်ရေတွင်းတွင် ရေစက်ပျက်နေ၍ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ယမန်နေ့ နံနက် ၇ နာရီခွဲက သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ လင်မယားချင်း စကားများရန်ဖြစ်ရာမှ ယောကျာ်းဖြစ်သူက ကိုယ့်အိမ်ကို မီးပြန်ရှို့မှုဖြစ်ပွား
28/04/19
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာတွင် ဧပြီ ၂၇ ရက် ည ၁၂ နာရီခန့်က လင်မယားချင်း စကားများရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူက ကိုယ့်အိမ်ကို မီးပြန်ရှို့မှုဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်မျိုးစေ့) ကြဲပက်ပွဲနှင့် ပေးအပ်ပွဲအခမ်းအနားကျင်းပ
28/04/19
ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး လယ်ယာမြေများ သဘာဝမြေဩဇာရရှိစေရန် ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်မျိုးစေ့) ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာပေါင်းကျေးရွာ ကွင်းအမှတ် (၆၇၂)၊ ဦးပိုင် (၂၈)ရှိ တောင်သူ ဦးစိန်သန်း၏ လယ်မြေ(၄)ဧကတွင် လျှော်မျိုးစေ့များအား အတန်းလိုက် စိုက်ပျိုးခြင်းနှင့် ကြဲပက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
သောက်သုံးရေအခက်ကြုံနေသည့် ကျေးရွာနေပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း
28/04/19
ပူပြင်းခြောက်သွေ့သော နွေရာသီကာလများတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံ ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း
နမ့်စန်တွင် မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ်ကုသပေး
28/04/19
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ်ကုသပေးခြင်းအား ဧပြီ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်ခန်းမတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံတောင်မြို့နယ်ထွက် လိုင်ချီးသီးများ မြေပြန့်ဈေးကွက်သို့ စတင်ဝင်ရောက်လာ
28/04/19
ချိုချဉ်အရသာနှင့် အရည်ရွှမ်းလဲ့သော ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ထွက် လိုင်ချီးသီးများ မိုးဦးအကြိုရာသီဖြစ်သော ဧပြီတတိယအပတ်မှစတင်ကာ မြေပြန့်ဈေးကွက်ကို စတင်ဝင်ရောက်လာပြီး ပေါ်ဦးစဖြစ်၍ တစ်ပိဿာလျှင် ကျပ် ၃၀ဝဝ ဖြင့် ရောင်းချလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
ရေတာရှည်မြို့နယ်တွင် စစ်တောင်းမြစ်ရေတင်၍ မိုးကြိုပြောင်းများ စတင်စိုက်ပျိုး
28/04/19
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရဲကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စုအတွင်းရှိ ယာသီးနှံစိုက်ပျိုးသော တောင်သူများသည် စစ်တောင်းမြစ်ရေကို ရေစုပ်စက်ဖြင့်တင်ကာ မိုးကြိုပြောင်းများ ယခုအခါ စတင်စိုက်ပျိုးလျက်ရှိကြောင်း မြင်တွေ့ခဲ့ရသည်။