Latest News

နောက်ဆုံးရသတင်းများ

ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့  အခမ်းအနား ကျင်းပ

ပြည်တွင်း

03/05/19

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးစီးကျင်းပသည့်  ကမ္ဘာ့သတင်း လွပ်လပ်ခွင့်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဒသမတန်း လူရည်ချွန်မောင်မယ်များ ငွေဆောင်ဒေသရှိ ပတ်ဝန်းကျင်ဒေသများသို့ လေ့လာရေးခရီးသွားရောက်

ပြည်တွင်း

03/05/19

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေ လူရည်ချွန်စခန်း(ငွေဆောင်)သို့ အပန်းဖြေရန်နှင့် လေ့လာရေးခရီးသွားရောက်ရန် ရောက်ရှိနေသည့် ၂၀၁၈-၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များသည် အုပ်ချုပ်သူ ဆရာ၊ဆရာမများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ငွေဆောင်ဒေသရှိ ပတ်ဝန်းကျင်ဒေသများသို့ သွားရောက်လေ့လာကြသည်။

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှပြန်လည်ထွက်ခွာ

ပြည်တွင်း

03/05/19

မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ambassador Mr. David Hale  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၇ နာရီ ၃၅ မိနစ်တွင် Bangkok Airways ဖြင့် နေပြည်တော်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသည်။

AA အဖွဲ့က တပ်မတော်မှတပ်ကြပ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူအား သတ်ဖြတ်

ပြည်တွင်း

03/05/19

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီကောက်ဝ(ရခိုင်)ကျေးရွာ၌ နေထိုင်သည့် တပ်မတော်မှ တပ်ကြပ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ ဦးစိန်ကုလား အား AA အဖွဲ့က မေ ၁ ရက်တွင် ဓားဖြင့်ခုတ်၍သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ရန်ကုန်မြို့ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄)ကို ကြည့်ရှုစစ်ဆေး

ပြည်တွင်း

03/05/19

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄)သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. David Hale အား လက်ခံတွေ့ဆုံ

ပြည်တွင်း

03/05/19

နေပြည်တော်   ၃  မေ 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. David Hale အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင်ဆောက်လုပ်နေမှုနှင့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ၂ လမ်းသွားကားလမ်း ဖောက်လုပ်မည့် စီမံကိန်းလမ်းပိုင်းအား ကြည့်ရှုစစ်ဆေး

မိန့်ခွန်းများ

03/05/19

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာရာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ရောက်ရှိကြသည်။

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဘုရားဝင်းအတွင်း ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ကျင်းပ

ပြည်တွင်း

03/05/19

မန္တလေး ၃  မေ

ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲက မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ဘုရားဝင်းအတွင်း၌ ကျင်းပသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ Heat Stroke (အပူရှပ်)လူနာ နှစ်ဦး တက်ရောက်ကုသ

အလှအပနှင့်ကျန်းမာရေး

03/05/19

မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ အပူရှိန် လွန်ကဲမှုနှင့်အတူ အပူဒဏ်ကြောင့်ဖြစ်ပွားသည့် Heat Stroke (အပူရှပ်)လူနာ နှစ်ဦး တက်ရောက်ကုသမှုခံယူခဲ့ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးက ပြောကြားသည်။

အဖတ်များဆုံး သတင်း