Latest News

နောက်ဆုံးရသတင်းများ

ညောင်ဦးမြို့နယ် ငါ့လင်းပုတ်ကျေးရွာတွင် တိရစ္ဆာန်ကူးစက်ရောဂါအကြောင်း ပညာပေးဟောပြောခြင်းနှင့် နွားများတွင် ဒေါင့်သန်းရောဂါမဖြစ်စေရေး ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ပြည်တွင်း

05/05/19

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်များတွင် ရာသီအလိုက် ဖြစ်ပွားတတ်သော ကူးစက်ရောဂါ ဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မေ ၄ ရက် မွန်းလွဲ ၃ နာရီက ညောင်ဦးမြို့နယ် ငါ့လင်းပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောက်ပြီး တိရစ္ဆာန် ကူးစက်ရောဂါအကြောင်း ပညာပေးဟောပြောခြင်းနှင့် ကျေးရွာရှိနွားများအား ဒေါင့်သန်းရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

ညောင်ဦးမြို့နယ် အညာကျေးလက်ဒေသများတွင် နွေရာသီကာလ နွားစာရှားပါးချိန် ထန်းသီးများကို နွားစာအဖြစ် အားထားကျွေးနေရ

ပြည်တွင်း

05/05/19

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် တောင်သူအများစု ကျွဲ၊ နွား တိရစ္ဆာန်များအတွက် နွေရာသီ နွားစာများ ရှားပါးနေချိန်ဖြစ်၍ ထန်းသီးများကို နွားစာအဖြစ် အားထားကျွေးနေရကြောင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများထံမှ သိရသည်။

ကောလင်းမြို့၌ လျှပ်စစ်ထမင်းအိုးတည်ထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

မှုခင်း

05/05/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ မေ ၅ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ဈေးရုံးဗိုလ်တဲရပ်ကွက် အိမ်ပိုင်ရှင် ဒေါ်ထွေးကြည်၏ နေအိမ်အပေါ်ထပ်တွင်

ကြာချည်လုပ်ငန်းမှ ဝင်ငွေရရှိကာ ဒေသခံများ စားဝတ်နေရေး အဆင်ပြေလျက်ရှိ

ပြည်တွင်း

05/05/19

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့မှ နှစ်ပေါင်းသက်တမ်း ၈ဝဝ ခန့်ရှိ ဝက်သည်ကန်ကြီးအတွင်း သဘာဝအလျောက် ပေါက်ရောက်နေသည့် ပဒုမ္မာ ကြာများမှ ကြာချည်ထုတ်လုပ်သည့် လုပ်ငန်းဖြင့် စလင်းမြို့နယ် ရှမ်းရွာကုန်းကျေးရွာနေ ဒေသခံများအနေဖြင့် ဝင်ငွေတိုးတက်ရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကလေးငယ်များ စကားပုံဝေါဟာရ ကြွယ်ဝစေရန် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ပြည်တွင်း

05/05/19

ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များ စကားပုံဝေါဟာရ ကြွယ်ဝစေရန် စကားပုံဆက်ပြိုင်ပွဲအား မေ ၄ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူတွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

ပြည်တွင်း

05/05/19

ဓနုဖြူမြို့တွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို မေ ၄ ရက်က အမှတ် (၁၅)ရပ်ကွက် တောင်ပေါ်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)၌ကျင်းပ

ပြည်တွင်း

05/05/19

၂၀၁၉ ခုနှစ် မေလ ၅ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်း စွယ်တော်မြတ်စေတီအနီးရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် စစ်ရေးပြကွင်း၌ ယနေ့နံနက်(၇)နာရီက ကျင်းပခဲ့သည်။

သာပေါင်းမြို့တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ဆောင်ရွက်

အလှအပနှင့်ကျန်းမာရေး

05/05/19

သာပေါင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို  မေ ၄ ရက်က စတင်ဆောင်ရွက်ကြောင်း သိရသည်။

အဖတ်များဆုံး သတင်း