Latest News

နောက်ဆုံးရသတင်းများ

နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင်မြန်မာကလေးငယ်များခွဲစိတ်ကုသရန်  ပီတီတီအီးပီ က အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်း

ပြည်တွင်း

14/05/19

ထိုင်းနိုင်ငံအခြေစိုက် ရေနံရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက် ပီတီတီအီးပီက မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့်် နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေဖြင့် နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင် မြန်မာကလေးငယ် ၁၀ဝ အား ခွဲစိတ်ကုသရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသော နှုတ်ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများအား အခမဲ့ ခွဲစိတ်မှုများ ဆောင်ရွက်နေသည့် Alliance for Smiles အဖွဲ့အစည်းကို အမေရိကန်ဒေါ်လာ တစ်သိန်းထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက်တတိယ(၁)နှစ်တာ ဆောင်ရွက်နိုင်မှု သတင်းစာရှင်းလင်းပွဲပြုလုပ်

ပြည်တွင်း

14/05/19

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ပြည်သူ့အတွက် တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ကြောင်း သိရသည်။

လယ်ယာဧက (၅၀ဝ၀)ကျော် အကျိုးပြုမည့် ငတရော်-ကိုင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်သွားမည်

ပြည်တွင်း

14/05/19

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြားရှိ ငတရော်-ကိုင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို-----------

မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေး၊ နယ်စပ်ဒေသကာကွယ် စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

ပြည်တွင်း

14/05/19

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး Ms. Andrea Faulkner နှင့်အဖွဲ့အား

အာရှမြို့ပြယဉ်ကျေးမှုများ ကွန်ဖရင့်သို့ တက်ရောက်ရန် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း) တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ပြည်တွင်း

14/05/19

နေပြည်တော်   ၁၄    မေ

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ Mr. Tie Ning ၏ ဖိတ်ကြားချက် အရ မေ ၁၄ ရက်မှ ၁၈ ရက်အထိ ပေးကျင်းမြို့၌ ကျင်းပမည့် Asian Civilization ကွန်ဖရင့်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဘားအံမြို့တွင် အတက်ရောဂါ လုပ်ငန်းစီမံချက်အကြောင်း အသိပညာပေး 

ပြည်တွင်း

14/05/19

ကရင်ပြည်နယ်အတွင်း အတက်ရောဂါအကြောင်း သိရှိနားလည်ပြီး အတက်ရောဂါရှိသူများအား ရှေးဦးသူနာ ပြုစုတတ်စေရန်နှင့် အတက်ရောဂါအကြောင်း ပြည်သူလူထုအား ကျန်းမာရေးပညာပေးတတ်စေရန်အတွက် -----------

တနင်္သာရီတိုင်းဒေသကြီး MSME Action Plan ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ထားဝယ်မြို့၌ကျင်းပ

ပြည်တွင်း

14/05/19

တနင်္သာရီတိုင်းဒေသကြီး MSME Action Plan ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့ရပ်၊ ကမ်းနားလမ်ရှိ DDPC Shopping Centre Royal Palace ခန်းမ၌ကျင်းပသည်။

ကယားပြည်နယ် ကျန်းမာရေးစီမံကိန်း (၂၀၁၉-၂၀၂၀)စာအုပ် အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

ပြည်တွင်း

14/05/19

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ကယားပြည်နယ်ကျန်းမာရေး စီမံကိန်း(၂၀၁၉-၂၀၂၀) စာအုပ် အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။

မြစ်ကြီးနားမြို့၌ ဒုတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပြည်တွင်း

14/05/19

မြစ်ကြီးနား    ၁၄     မေ 


မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ယနေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရုံးဝင်း အတွင်း၌ ကျင်းပပြုလုပ်သည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ 

ပြည်တွင်း

14/05/19

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟာဒုန်းပိုးရွာ(Ha Dong Silk Village)သို့ သွားရောက်၍ ပိုးရွာအတွင်း ပိုးထည်ယက်လုပ်နေမှုနှင့် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှုတို့ကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။