လွိုင်ကော် ၁၆ အောက်တိုဘာ

 

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၀) ကြိမ်မြောက် ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘောစ်ကို က အဖွင့်အမှာစကား ပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၃/၂၀၂၀) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကော်မတီအတွင်းရေးမှူးမှဆွေနွေးတင်ပြပြီး၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်းလင်းကုမ္ပဏီလီမိတက်မှ ကော်ဖီနှင့်အခြားသော နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်း လုပ်ငန်းအားအတည်ပြုမိန့် ထုတ်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် နိုက်စ်ကယား ကုမ္ပဏီလီမိတက်မှ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းအား အတည်ပြုမိန့် ထုတ်ပေးနိုင်ရန်အတွက် ကော်မတီ အတွင်းရေးမှူးမှတင်ပြရာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက အတည်ပြုမိန့်ကို ဝင်းလင်းကုမ္ပဏီလီမိတက်နှင့် နိုက်စ်ကယားကုမ္ပဏီလီမိတက်တို့ထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

 

အဆိုပါရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးမော်မော်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးအံ့မော်၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန နှင့် တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)

 

mdn