ကဝ မေ ၂၈

 

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၌ မေ ၂၆ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ကဝမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ခင်မာရီက ပြည်တွင်းအခွန်များဦးစီးဌာနမှ ထောက်ခံဆောင်ရွက်နေသော အခွန်များအကြောင်းနှင့် ပြေစာ‌များအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)