ကတ်ချ်မီးယားမှာ အသွားအလာကန့်သတ်လိုက်ပြီး ဘုရားဖူးခရီးစဉ်ဖျက်သိမ်း

၂၃ ဇူလိုင်

အိန္ဒိယနိုင်ငံမှ အုပ်ချုပ်တဲ့ ကတ်ချ်မီးယားဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် အသွားအလာကန့်သတ်မှုကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းစပြီး သီတင်းတစ်ပတ်ကြာ ပြဋ္ဌာန်းလိုက်ကြောင်း သိရပါတယ်။ တစ်ချိန်တည်းမှာ ကတ်ချ်မီးယားဒေသသို့ သွားရောက်မယ့် ဟိန္ဒူဘာသာဝင်တို့ရဲ့ ဘုရားဖူးခရီးစဉ်ကိုလည်း ဖျက်သိမ်းထားပါတယ်။

 

ဟိမဝန္တာတောင်ကြားရှိ အိန္ဒိယနိုင်ငံမှ အုပ်ချုပ်သော ဂျာမူးနဲ့ ကတ်ချ်မီးယားရှိ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဘုရားကျောင်းတွေကို ဇူလိုင် ၃၁ ရက်နေ့အထိ ပိတ်ထားမယ်လို့ သိရပါတယ်။

 

ကတ်ချ်မီးယားရှိ အမာနတ်လှိုဏ်ဂူကို သွားရောက်မယ့် ဘုရားဖူးခရီးစဉ်ကို နှစ်ပါင်းတစ်ရာကျော်အတွင်းမှာ ကပ်ရောဂါပိုးကြောင့် ပထမဆုံးအကြိမ်အဖြစ် ဖျက်သိမ်းကြောင်း သိရပါတယ်။ နှစ်စဉ် ဘုရားဖူးခရီးစဉ်ကို လူပေါင်း ၃၀၀,၀၀၀ နီးပါး ပါဝင်လေ့ရှိပါတယ်။ ဘုရားဖူးပွဲတော်ဟာ နှစ်လနီးပါးကြာလေ့ရှိကြောင်း သိရပါတယ်။

 

ကတ်ချ်မီးယားဒေသမှာ လူပေါင်း ၁၄ သန်းနေထိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၆,၀၀၀ ဦးရှိပြီး ၂၇၃ ဦးသေဆုံးကြောင်း ဒေသကျန်းမာရေးဝန်ထမ်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား- AFP