ကသာမြို့တွင် မိုးဦးကျ ပဲပုရစ်များ ဈေးကွက်အတွင်းသို့ရောက်ရှိ

ကသာ  ၇ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင်  မိုးပုရစ်ခေါ် ပဲပုရစ်များအား မြေပဲခင်းများ ခူးဆွတ်ချိန်၌  စတင်အရောင်းအဝယ် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

 

 

1

အဆိုပါ ပုရစ်များမှာ စက်တင်ဘာလနှင့် မေလများတွင် (၂) ကြိမ် ထွက်ပေါ်လေ့ရှိကာ ယခုထွက်ရှိသော ပဲပုရစ်မှာ မြေပဲခင်းများ ခူးဆွတ်ချိန်တွင် ကျရောက်သော မိုးဦးကျ ပဲပုရစ်အမျိုးဖြစ်ကာ ဥပါခြင်း မရှိဘဲ ဆောင်းတွင်းတွင် ထွက်ပေါ်သည့် ပုရစ်များတွင်သာ ဥ ပါရှိကြာင်းနှင့် ယခုထွက်သော ပုရစ်သည် မိုးရွားသွန်းမှု နည်းပါးသောကြောင့် ထွက်အားနည်းပြီး မိုးရွာပြီး နေပူမှသာ ပုရစ်များ ပိုမိုအထွက်များမည်ဖြစ်ကြောင်း သိရသည်။

 

1

 

လက်ရှိတွင် ယခင်နှစ်ကထက် အကောင်အရွယ်အစား ကြီးမားကာ ထွက်ရှိမှုနည်းပါပြီး ကသာမြို့နယ် အတွင်းရှိ အထက်သံပုရာ၊ မိုးတား၊ ချောင်းဝ၊ နွယ်နီ၊ မင်းလည်၊ ပေါလော၊ ပုလွေရွှေ၊ ကျောက်ထုံးကြီး၊ အင်းဒရန့်၊ သံပုရာကုန်း၊ တုတ်ကြီး၊ ရွှေပြည်သစ်၊ ကျားသေ၊ ကူးကာစသည့် ကျေးရွာများမှ  တောင်သူများက ကား၊ ဆိုင်ကယ် များဖြင့် ကသာမြိုပေါ်ရှိ ဒိုင်များသို့ လာရောက် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

 

1

 

ကသာမြို့ရှိ ပုရစ်ဒိုင်များမှ  အကောင် (၁၀ဝ) လျှင်  ၃၀ဝ၀ ကျပ် မှ ၄၀ဝ၀ ကျပ်ဖြင့် ဝယ်ယူပြီး လက်လီရောင်းချသူများက ၄၅၀ဝ မှ ၅၀ဝ၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပုရစ်များကို ဒိုင်များမှ သန့်စင်ပြီး တစ်အိပ် လျှင် အကောင် (၂၀ဝ)ပါ တစ်ထုပ်ဖြင့် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်မြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

 

ဟန်မျိုးကျော် (ကသာ)