ကသာမြို့နယ်၌ တရားမဝင်ကျွန်းသစ်လုံးများ ဖမ်းဆီးရမိ

ကသာ   ၂၂  ဖေဖော်ဝါရီ   

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်သစ်တောဦးစီးဌာမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမြင့်ဦးနှင့် ဝန်ထမ်းများ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၆ နာရီခန့်က ကသာမြို့နယ်အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ရာ ကသာမြို့နယ် ကျောက်ပုံကျေးရွာနှင့် ကလုံကျေးရွာကြား ဧရာဝတီမြစ်အတွင်းရှိ ဝါးဖောင်အားသတင်းအရ စစ်ဆေးရာတရားမဝင်ကျွန်းသစ်လုံးစုစုပေါင်း ၄၅၂ လုံး (၃၉ ဒသမ ၃၂၆) တန်ကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့ကြောင်းသိရပြီး ပြစ်မှုကျူးလွန်သူများဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။  

 

ကိုမင်း(အင်းတော်)

 

FB_IMG_1550