ကသာ ၈ မေ
ကသာမြို့နယ်၌ ဒေသထွက် သီးနှံတစ်ခုဖြစ်သော လိုင်ချီးသီးများကို ကသာမြို့ သီရိခေမာဈေး၊ ပတ္တမြားဈေးတို့တွင် စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ လိုင်ချီးသီးသည် ကယ်လိုရီပါဝင်မှု နည်းပါးခြင်း၊ ကိုလက်စထရောပါဝင်မှု နည်းပါးခြင်း၊ အမျှဉ်ဓာတ် များစွာ ပါဝင်သောကြောင့် ခရမ်းလွန် ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးခြင်း၊ အသားအရေ လှပစေခြင်း၊ နာကျင်မှုနှင့် ရောင်ရမ်းမှုကို သက်သာစေခြင်းတို့ကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်းသည့် သဘာဝ အသီးတစ်မျိုး ဖြစ်သည်။
လိုင်ချီးသီးသည် ကသာမြို့နယ်အတွင်း မိဿလင်း၊ ကပ္ပလိပ်၊ ပေကုန်း၊ သိမ်အင်း၊ ချောင်းဝ၊ နတ်ရေတွင်း စသည့် ကျေးရွာများမှ ထွက်ရှိပြီး (၂၅) လုံးပါ တစ်တွဲလျှင် ငွေကျပ် ၅၀ဝ မှ ၆၀ဝ ထိ ရောင်းချလျက်ရှိကာ လိုင်ချီးသီးများ ဖြိုင်ဖြိုင်ရင့်မှည့်လာပါက မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာမြို့များသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း လိုင်ချီးသီး စိုက်ပျိုးသူများထံမှ သိရသည်။
ဟန်မျိုးကျော် (ကသာ)