ကရသူရိ၊   ၃၀ ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ်ထောက်ပံ့ပြီးသည်အထိ ထပ်မံကျန်ရှိသည့် ထပ်တိုးအိမ်ထောင်စုများ တင်ပြချက်အား မှန်ကန်မှုရှိ/မရှိ ပြန်လည်စစ်ဆေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၉ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က သက်ဆိုင်ရာ ရပ်ကွက်/  ကျေးရွာများအလိုက်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား  အိမ်ထောင်စုများအား ငွေကျပ်(၂၀၀၀၀)ထောက်ပံ့ပေးရာတွင် ပေးသင့်သည့် အချက်များနှင့် မပေးသင့်သည့်အချက်များ စစ်ဆေးခြင်း၊ အမှန်တကယ်ရရှိမည့်သူများ ကျန်ရစ်မှု မရှိစေရေးနှင့် သတ်မှတ်ထားသည့်အတိုင်း ပေးအပ်နိုင်ရေး ပြန်လည်စိစစ် ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုးဝင်း(ပြန်/ဆက်)