ဘားအံ ဇူလိုင် ၂၅

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဘားအံမြို့နယ် ကော့သိုက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ပိုင်ရမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ဒုံရင်းအခြေခံပညာအထက်တန်းကျောင်းနှင့် ယင်းကျောင်းနှင့် တွဲဖက် ဖွင့်လှစ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတို့တွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 

ထို့နောက် အဆိုပါကျောင်းများ၏ စာသင်ခန်းများ၊ ပရိဘောဂများ၊ သင်ထောက်ကူပစ္စည်းများနှင့် သန့်စင်ခန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့အတူ ဒုံရင်းအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ဒေသငှက်ပျောမျိုးများ စုပေါင်းစိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)