ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

mdn

ဘားအံ ၁၃ ဇွန်

 

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်လ ၁၂ ရက် မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

ဖွင့်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးစောမြင့်ဦးက အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ သည်။ အဆိုပါဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘောလုံးအသင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဘောလုံးအသင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဘောလုံးအသင်း၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်(BGF)ဘောလုံးအသင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC) ဘောလုံးအသင်း စုစုပေါင်းအသင်း(၅)သင်းမှ အသက်(၄၅)နှစ်အထက် အားကစားသမား ၁၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ဇွန်လ ၁၂ ရက်မှ ၂၁ ရက်အထိ ပွဲစဉ်ပေါင်း ၁၀ ပွဲ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်သည်။

 

ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘောလုံးအသင်းနှင့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်(BGF)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘောလုံးအသင်း က နယ်ခြားစောင့်တပ်(BGF) ဘောလုံးအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)