ကပ်ရောဂါဒဏ် ခံခဲ့ရတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာ

၁၆ ဇူလိုင်

 

 

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဒုတိယ လေးလပတ်မှာ ပြန်လည် တိုးတက်လာကြောင်း၊ ခန့်မှန်းထားတဲ့ထက် ပိုများခဲ့ကြောင်း ဒီနေ့(ကြာသပတေးနေ့)မှာ တရားဝင် ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ပြီး အလုပ်ရုံတွေ၊ ကုမ္ပဏီတွေ ပြန်ဖွင့်အပြီး ဧပြီလကနေ ဇွန်လအတွင်း ပြည်တွင်း ထုတ်ကုန်ဟာ ၃.၂ ရာခိုင်နှုန်း များခဲ့ကြောင်း အမျိုးသား စာရင်းအင်းဌာနက ပြောပါတယ်။

 

 

ဒါပေမယ့် လက်လီဈေးမှာတော့ ခန့်မှန်းထားတဲ့အတိုင်း ၁.၈ ရာခိုင်နှုန်း ပြီးခဲ့တဲ့လက အရောင်းကျသွားတာကို တွေ့ရပါတယ်။

 

 

ပြီးခဲ့တဲ နှစ်ကုန်ပိုင်းက ဝူဟန်မြို့က စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းတွေ အခုထိ ပိတ်ထားခဲ့ရသလို သန်းချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး ကမ္ဘာ့စီးပွားရေးဟာ ကျဆင်းတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

 

 

ပထမခြောက်လပတ်မှာ နိုင်ငံ့စီးပွားရေးမှာ ၁.၆ ရာခိုင်နှုန်း တက်လာကို တွေ့ရပါတယ်။ ဇွန်လမှာ အလုပ်လက်မဲ့ အလုပ်သမား ဦးရေ ၅.၇ ရာခိုင်နှုန်းရှိပြီး အရင်တစ်လမှာတော့ ၅.၉ ရာခိုင်နှုန်း အလုပ်လက်မဲ့ ဖြစ်တာကို တွေ့ရပါတယ်။

 

 

အလုပ်သမား ဦးရေကို အနီးကပ် လေ့လာကြည့်ရာတွင် ဒီနှစ် အလုပ်သမား ဈေးကွက်မှာ ဘွဲ့ရ ၉ သန်းနီးပါး ဝင်ရောက်လာမယ်လို့ ဆိုပေမယ့် အဲဒီ အရေအတွက်ထက်များတဲ့ လုပ်သားဦးရေ လုပ်ငန်းခွင်မှာ ဝင်ရောက်နိုင်ကြောင်း သုတေသနမှာ ဖော်ပြထားပါတယ်။

 

 

ကုန်ထုတ်လုပ်ငန်းမှာ ဇွန်လတွင် ၄.၈ ရာခိုင်နှုန်း တိုးတက်လာပြီး၊ မေလမှာတော့ ၄.၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

 

 

တချို့ကျွမ်းကျင် ပညာရှင်တွေကတော့ တရုတ်နိုင်ငံ တစ်ခုတည်းသာ ၂၀၂၀ ခုနှစ်မှာ စီးပွားရေး တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။

 

 

MDN

ကိုးကား - AFP