ကျွန်တော်နှင့် သိပ္ပံမောင်ဝအပါအဝင် သုတရသစာစုများ စာအုပ်ထွက်ရှိ

စာရေးသူ ဆလိုင်းဟန်ထွန်း(စေတုတ္တရာ) ရေးသားပြုစုသည့် ကျွန်တော် နှင့် သိပ္ပံမောင်ဝအပါအဝင် သုတရသစာစုများစာအုပ် ထွက်ရှိလာသည်။

 

စာအုပ်တွင် ချင်းလူမျိုးများနှင့် ပတ်သက်သော မမေ့ပျောက်သင့်သော သမိုင်းနှင့် သင်ခန်းစာများ၊ စာရေးသူ ငယ်ဘဝအတွေ့အကြုံ အမှတ်တရများ၊ ဗုဒ္ဓသာသနာတော်ဆိုင်ရာများကို သိပ္ပံမောင်ဝ၏ရေးသားဟန်ဖြင့် ရွှင်ရွှင်မြူးမြူးတက်တက်ကြွကြွ ရေးသားထားသဖြင့် လေ့လာသင့်သော စာအုပ်ဖြစ်သည်။

 

စာအုပ်ကို စာပေနန်းတော်စာပေ၊ ၁၁၇-၁၂၇၊ ၃၆ လမ်း(လယ်) ရန်ကုန် ဖုန်း-ဝ၉-၂၆၀၂၄၅၂၂၄၊ ဝ၉၇၃၁၄၀၉၃၆ နှင့် ဦးဆလိုင်းထွန်းလှိုင် ဖုန်း ဝ၁-၅၀၄၃၇၀၉၊ ဝ၉-၂၅၄၅၄၁၆၆၂ (ရန်ကုန်)နှင့် ဖုန်း-ဝ၉-၂၅၆၀၉၈၃၀၃ (စေတုတ္တရာ) တို့မှ တန်ဖိုးငွေကျပ် ၃၅၀ဝ ဖြင့် ဖြန့်ချိသည်။

 

ကြေးမုံ(စာအုပ်စင်)