ကံမမြို့နယ်တွင် တရားမဝင်သစ်များ တင်ဆောင်ထားသော မော်တော်ယာဉ် ဖမ်းဆီးရမိ

ကံမ ၇  မတ် 

 


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်ရာမှ တရားမဝင်သစ်များ တင်ဆောင်ထားသော မော်တော်ယာဉ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 


ပူးပေါင်းအဖွဲ့သည် မတ် ၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၁၈၈/၄ ဖာလုံ၏ အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာ  ဂျင်းရဲကျေးရွာသို့သွားသည့် တောလမ်းပေါ်ရှိ ဒေသအခေါ် ပေါက်တောကွင်းနေရာ၌ ယာဉ်အမှတ်မပါ Hino ကား ခေါင်းစိမ်း(၆)ဘီးကားအား တွေ့ရှိစစ်ဆေးရာမှ ကားပေါ်တွင် တရားမဝင် ပျဉ်းကတိုးခွဲသားဆိုဒ်စုံ ၄၀ ချောင်း (၃ ဒသမ ၁၄၂ တန်)အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး  ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 


ကိုကိုကျော်(ကံမ) 

 

ိိ