ကျွန်းလှမြို့နယ် ညောင်ပင်ကျေးရွာ၌ ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိ

ကျွန်းလှ၊ ၂၇  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် မော်ကယ်ကျေးရွာအုပ်စု ညောင်ပင်ကျေးရွာတွင် ဇန်နဝါရီ ၂၄ ရက်က ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပေပင်ချောင်ကျေးရွာနေ ကိုထွန်း(ခ)ကျော်စိုးထွန်းသည် ညောင်ပင်ကျေးရွာ၏အရှေ့ဘက်

တစ်မိုင်ခန့်အကွာ ခါချဉ်ကုန်းတွင် အကျယ်(၂)ပေ၊အနက်(၃)ပေ မြေကျင်းပေါင်း(၃၀)ခန့်တူးဖော်ရာ    ရှေးဟောင်းပစ္စည်းဟု ယူဆရသော သံချေးတက်နေသည့် သန်လျက်ပုံ လှံသွား(၁၉)ခု၊ တူရွင်း(၈)ခု၊ ရဲဒင်း(၂)ခု၊ လက်ကိုင်ကွင်းပါဓား(၄)ခု၊ ကတ်ကြေးတစ်လက်၊ သံချောင်း(၇)ချောင်း၊ ဓား(၄၆)လက် အသုံး အဆောင်ပစ္စည်း(၁၂)ခုနှင့် ပုတီးစေ့ဆိုက်စုံ(၄၃)လုံးရရှိကြောင်း သိရသည်။

ရှေးဟောင်းပစ္စည်းများ တွေ့ရှိမှုသတင်းအရ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်ထားမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး လှိုင်မြင့်သိန်းနှင့် တာဝန်ရှိသူတို့က သွားရောက် စစ်ဆေးသိမ်းဆည်းပြီး သက်ဆိုင်ရာဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)