ကြံခင်း၊    ၃၀   ဒီဇင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၇၀၀၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကြံခင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် စပါးအိုးအနောက်၊ ကိုးအင်း၊ အုပ္ပုံမြောက်၊ ကြွက်နွယ်ကွင်း၊ တလိုင်းကွင်း၊ ကျောင်းကုန်း၊ ကြပ်ကလေး ကျေးရွာ ၇ ရွာတွင် စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း ၇၀၀ ၊ ကျေးရွာပြည်သူ တွေရဲ့ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊ မီးလင်းရေး၊ ရေရရှိရေး အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာ ဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဆိုပါကျေးရွာ (၇)ရွာမှာရှိတဲ့ ပြည်သူတွေကို စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က  ပြောပြသည်။

သိရသည်။

 

စိုးမိုးကျော်