“ကံ့ကော်မြို့တော် တေးဂီတဖျော်ဖြေပွဲ’’ (ပွဲစဉ် - ၂) မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော် ဒီဇင်ဘာ ၇

ရန်ကုန်တက္ကသိုလ် (၁၀၃)နှစ်မြောက် ဂုဏ်ပြုအစီအစဉ်အဖြစ်  “ကံ့ကော်မြို့တော်” တေးဂီတဖျော်ဖြေပွဲ (ပွဲစဉ် -၂) Friday Night Live Show အစီအစဉ်ကို ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့ ည(၉) နာရီခန့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့် တင်ဆက်လျက်ရှိရာ “ကံ့ကော်မြို့တော်” တေးဂီတဖျော်ဖြေပွဲ (ပွဲစဉ်-၂)တွင် မြန်မာ့အသံ တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် ထပ်ဆင့် အကယ်ဒမီ ချိုပြုံး၊ သန်းမြတ်စိုး၊ ရဲထိုက်၊ စိုးထက်အောင်၊ စိမ့်နေခြည်၊ မို့မို့ကျော်လွင်၊ ဖူးဧကရီဆောင်းနှင့် စိတ်ပညာဌာန အနုပညာအသင်းတို့က သီဆိုဖျော်ဖြေ ကြမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို  ဒီဇင်ဘာ ၁၀ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်