ကင်းထောက်လေယာဉ် ပျက်ကျမှုတွင် တူရကီ လုံခြုံရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံး

၁၆ ဇူလိုင်

           

 

တူရကီနိုင်ငံ အရှေိ့ပိုင်းတွင် လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ တူရကီ လုံခြုံရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ယနေ့ ဖော်ပြခဲ့သည်။

           

 

ဗန်ပြည်နယ်၌ ကင်းထောက် လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန အနာဒိုလူက တူရကီ ပြည်ထဲရေး ဝန်ကြီးအား ကိုးကား၍ ဖော်ပြခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး မီမက်အီမင်ဘီလ်မက်ဇ်က ကျဆုံးသွားသော တူရကီစစ်သည်များအား တွစ်တာ၌ ချီးကျူးဂုဏ်ပြုခဲ့ပြီး ကျန်ရစ်သူ မိသားစုများထံ ဝမ်းနည်းစကားများ ပြောကြားခဲ့သည်။

           

 

လေယာဉ်ပျက်ကျ မှုနှင့်ဆိုင်သော အစိုးရ၏ စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို ဆောင်ရွက်နေကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း တူရကီနိုင်ငံ အနောက်ပိုင်း အိုင်မာပြည်နယ်၌ စစ်ဘက်လေ့ကျင့်ရေး လေယာဉ်တစ်စင်း လေ့ကျင့်မှုအတွင်း ပျက်ကျခဲ့ရာ တူရကီလေယာဉ်မှူး နှစ်ဦး သေဆုံးခဲ့သည်။

           

 

အီရန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဝေးလံခေါင်ဖျားသော တောင်ကုန်း ထူထပ်ရာ တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ပြည်နယ်၌ ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း ရေခဲပြိုကျမှုများကြောင့် လူ ၄၁ ဦး သေဆုံးခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်