ကနေဒါနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူဦးရေ ၁၀၀၀ ကျော်ရှိလာ

ဩဂုတ် ၁၁

ကနေဒါနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၀၀၈ ဦး ရှိကြောင်း ကနေဒါကျန်းမာရေးအေဂျင်စီ ( ပီအိတ်ချ်အေစီ ) က ယမန်နေ့က အတည်ပြုထုတ်ပြန်ထားသည်။

အွန်တာရီယိုပြည်နယ်မှ ၄၇၈ ဦး၊ ကွီဘတ်ပြည်နယ်မှ ၄၂၅ ဦး၊ အယ်လ်ဘာတာမှ ၁၆ ဦး၊ ဆာ့ကတ်ချီဝန်နှင့် ယုကွန်ပြည်နယ်တို့မှ နှစ်ဦးစီ မျောက်ကျောက်ရောဂါ ကူးစက်ခံရသည်ဟု ထိုကျန်းမာရေးအေဂျင်စီက ဆိုသည်။

ဆက်လက်၍ ပြည်နယ်နှင့်ဒေသများသည် ပီအိတ်ချ်အေစီ၏အမျိုးသား အဏုဇီဝဗေဒဓါတ်ခွဲခန်းမှ စမ်းသပ်စစ်ဆေးချက် ရလဒ်များကို အတည်ပြုလက်ခံမှုများ ဆောင်ရွက်လျက်ရှိသဖြင့် ထိုကူးစက်မှုအရေအတွက် အပြောင်းအလဲရှိနိုင်ကြောင်း ပီအိတ်ချ်အေစီက ပြောကြားသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့်ဒေသများသို့ မျောက်ကျောက်ရောဂါကာကွယ်ဆေး  ၈၀၀၀၀ ကျော်ဖြန့်ဝေပေးထားကြောင်း သိရသည်။

မျောက်ကျောက်ရောဂါသည် ပွေ့ဖက်ခြင်း၊ အနမ်းပေးခြင်း၊ နှိပ်နယ်ခြင်း သို့မဟုတ် လိင်ဆက်ဆံခြင်းတို့အပါအဝင် ရောဂါကူးစက်ခံရသူနှင့် အနီးကပ်ထိတွေ့ဆက်ဆံခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သည်ကျွမ်းကျင်သူတို့ကဆိုသည်။

ကိုးကား-ဆင်ဟွာ