ကျွန်းစု  ၁၄  စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ က မြို့နယ် စည်/ပင် ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရောင်းချရာတွင် မြို့နယ်တင်ဒါရောင်းချရေးနှင့် စိစစ်ရေးကော်မတီမှ တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်းအတွက် ကြမ်းခင်းဈေးနှုန်း သတ်မှတ်ခဲ့ကြပြီးနောက် ကတန်ကျွန်းပေါ်နှင့် ပင်လယ်ပိုင်း နှစ်ပိုင်းခွဲ၍ ဘိလပ်မြေ၊ သံချောင်း၊ ပုံစံသစ်၊ ကျောက်စရစ်၊ ဒီဇယ်များကို အိတ်ဖွင့်တင်ဒါ ရောင်းချခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)