ကျွန်းစု  ၂၁  အောက်တိုဘာ

 

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက်  ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြည်သူ့ ဆေးရုံသို့ ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းများကို စေတနာရှင်၊ အလှူရှင်များက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းရာတွင် မြိတ်ဒေသ Covid – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြု ကော်မတီက စေတနာရှင်၊ အလှူရှင်များ လှူဒါန်းထားသော ဆေးရုံသုံး ခုတင် အလုံး(၂၀)၊ အောက်ဆီဂျင် (၂)ဘူး၊ Patient monitor (၁)လုံး၊ Oxygen concentrator (၁)လုံး၊ Gas regulator(၂)လုံး တို့ကို မြို့နယ်ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး စေတနာ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)