ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံစုံ ၁၈၆၉၁၅ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၁၈၆၉၁၅ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း(ဆောင်း)၊ နှမ်း(နွေ)၊ နေကြာ၊ ပန်းနှမ်းနှင့် မုန်ညှင်း စသည့်သီးနှံစုံ ၂၀၉၃၈၆ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ဆီထွက်သီးနှံစုံ ၁၈၆၉၁၅ ဧက စိုက်ပျိုးပြီးဖြစ်သည်။ စိုက်ပျိုးပြီးစီးမှုအနေဖြင့် မြေပဲ ၈၂၂၅၇ ဧက၊ နှမ်း ၉၆၇၇၈ ဧက၊ နေကြာ ၁၉၂၇ ဧက၊ ပန်းနှမ်း ၅၄၂၁ ဧကနှင့် မုန်ညှင်း ၅၃၂ ဧက စုစုပေါင်း ၁၈၆၉၁၅ ဧက ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)