ကွမ်းသီးဈေးကွက်တွင် ရွေးသီးနှင့် ကြက်ချေးသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ

လိပ်သို   နိုဝင်ဘာ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသထွက် ကွမ်းသီးအခြောက်များ အရောင်းအဝယ် အေးလျက်ရှိချိန်တွင် ဒေသအခေါ် ရွေးသီး (ကွမ်းသီးအနီ) များနှင့် ကြက်ချေးခေါ် (အလွန်နုသော ကွမ်းသီးအခြောက်) များ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကွမ်းသီးစိုက်တောင်သူထံမှ သိရသည်။

ရွေးသီးနှင့် ကြက်ချေးသီးများကို ဒေသတွင်းရှိ သက်ကြီးရွယ်အိုများနှင့် ပြည်ပရှိ လယ်ယာ လုပ်ငန်းလုပ်ကိုင်သူ တောင်သူများက အများဆုံး စားသုံးကြပြီး လယ်ယာစပါးများကို  ရိတ်သိမ်းချိန်တွင် လုပ်ငန်းခွင်ဝင် စပါးရိတ်သိမ်းသူ၊ ချွေလှေ့သူ အလုပ်သမားများအား ဧည့်ခံရန်၊ ကွမ်းသီးဖြင့် လုပ်အားခ ပေးချေရန်၊ လက်ဆောင်ပေးရန်၊ မိမိတို့စားသုံးရန်နှင့် သိုလှောင်ထားရှိရန် ဝယ်ယူမှုများရှိနေ၍ လက်လီလက်ကား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 

mdn

 

လိပ်သိုဒေသခံ ဝယ်လက်များနှင့် ပြည်ပမှ လာရောက်ဝယ်ယူကြသော ပွဲစားများက ကျေးရွာများတွင် ရွေးသီးတစ်ပိဿာကို (၆၀၀ဝ) ကျပ်နှင့် ကြက်ချေးသီး တစ်ပိဿာကို (၃၀၀ဝ) ကျပ်ဖြင့် ဝယ်ယူကြပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ကွမ်းသီးပွဲရုံကြီးများ၊ ရေတာရှည်၊ ထန်းတပင်၊ ဖြူး၊ အုတ်တွင်းမြို့နယ်များသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)