အောက်တိုဘာ ၂၉
ကမေ္ဘာဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအတွင်း လေကြောင်းခရီးသွား ၄ ဒသမ ၅ သန်းကျော်ရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း လေကြောင်းခရီးသွား ၃ ဒသမ ၇ သန်းရှိသဖြင့် လေကြောင်းခရီးသွား ၂၂ ရာခိုင်နှုန်းခန့်မြင့်တက်လာသည်ဟု ဝန်ကြီးတစ်ဦးက အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ပြောကြားသည်။
တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု၊ အခြားသောနိုင်ငံ များ၊ အရှေ့တောင်အာရှရှိ နိုင်ငံရှစ်နိုင်ငံတို့နှင့် ချိတ်ဆက်ပျံသန်းသော ပြည်တွင်း/ပြည်ပ လေကြောင်း လိုင်းပေါင်း ၃၁ လိုင်းရှိသည်ဟု မြို့ပြလေကြောင်းဆိုင်ရာဝန်ကြီး မာအိုဟာဗန်နောလ်က ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်တို့ကြား တိုက်ရိုက်ပြေးဆွဲသည့် ဗီယက်နမ် လေကြောင်းလိုင်းများ၏ ကိန်းဂဏန်းများကို ၎င်းကထုတ်ဖော်ပြောကြားသည်။
စီရမ်ယိအန်ကောနိုင်ငံတကာလေဆိပ်(အက်စ်အေအိုင်)သည် 4E အဆင့် နိုင်ငံတကာလေဆိပ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ လေယာဉ်အမျိုးအစားအားလုံးနီးပါး ဆင်းသက်နိုင်သောလေဆိပ်ဖြစ်သည်။
ယင်းလေဆိပ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစတင်ကာ တရားဝင်အသုံးပြုလျက်ရှိသည်ဟု သိရသည်။ ထိုလေဆိပ်သည် ယူနက်စကိုစာရင်းဝင် အန်ကောကျောင်းရှိရာ စီရမ်ယိပြည်နယ်သို့ တိုက်ရိုက် လေကြောင်းလိုင်းများပျံသန်းရန် နိုင်ငံတကာလေကြောင်းလိုင်းအသစ်များကို ဆွဲဆောင်သွားမည် ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို