ကမ္ဘောဒီးယားနိုင်ငံ၏ “Stop CoVID QR Code” အက်ပလီကေးရှင်းက သည်ဂလိုဘယ်လ်ဆောက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာဆန်းသစ်တီထွင်မှုဆုရရှိ

ဖနောင်ပင် နိုဝင်ဘာ ၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် အသုံးပြုသည့် ကမ္ဘောဒီးယား Ecen “Stop COVID QR Code” အက်ပလီကေးရှင်းသည် နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union)maj-Go သည့် သည်ဂလိုဘယ်လ်ဆောက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာ ဆန်းသစ်တီထွင်မှုဆု (the Global South COVID-19 Digital Innovation Challenge)ကို ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား စာတိုက်နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ကပ်ရောဂါ၏ ဆိုးကျိုးများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရာတွင် အသုံးဝင်ပြီး ဆန်းသစ်သော ဒစ်ဂျစ်တယ်စနစ် တီထွင်ဆန်းသစ်မှုအတွက် အဆိုပါဆုကို ကမ္ဘောဒီးယားနိုင်ငံ၏ “Stop COVID QR Code” အက်ပလီကေးရှင်းက ရရှိခြင်းဖြစ်သည်။

The Global South သည် က်ပရောဂါ၏ ဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းရာ တွင် ထိရောက်မှုရှိပြီး ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုအပြည့်အဝရှိစေသည့် နည်းပညာအသစ်အဆန်းများ ဖန်တီးသည့် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့ကို ရှာဖွေကာ ဆုများချီးမြှင့်လျက်ရှိသည်။

 “The Stop COVID QR Code” 3038 ရောဂါကူးစက်သူနှင့် ထိတွေ့ဆက်ဆံသူများအား လိုက်လံရှာဖွေနိုင်ခြင်း၊ သီးခြားခွဲနေထိုင်ရာတွင် ထိန်းချုပ်မှုပြုလုပ်နိုင်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသည့် လူဦးရေတို့ကို စစ်တမ်းကောက်ယူ သိမ်းဆည်းထားနိုင်ခြင်းစသည့်လုပ်ဆောင် ချက်သုံးခုပေါင်းစပ်ပြီး အသုံးပြုနိုင်ကြောင်း ကမ္ဘောဒီးယားစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံက ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ်၌ ယခုကဲ့သို့ နိုင်ငံတကာဆုရရှိခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါဆုရရှိခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအတွက် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင် ကြီးမားသော အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂ သည် ကမ္ဘာတစ်ဝန်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အက်ပလီကေးရှင်းပေါင်း ၂၅၀ ကျော်ကို လက်ခံရရှိခဲ့သည်။ ယင်းတို့အနက် သည်ဂလိုဘယ်လ်ဆောက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာ ဆန်းသစ်တီထွင်မှုဆုကို ကမ္ဘောဒီးယားနိုင်ငံအား ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ် သည်။

ကမ္ဘောဒီးယားနိုင်ငံက အမေရိကန် ဒေါ်လာ ၂၀၀၀၀ ကို ဆုကြေးငွေအဖြစ်ရရှိခဲ့ပြီး ဒစ်ဂျစ်တယ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာဆက်သွယ်ရေးသမဂ္ဂက ကမ္ဘောဒီးယားနိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ တစ်ခုကို ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်