ကမ္ဘောဒီးယား စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

၇ ဩဂုတ်

 

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပွားသဖြင့် စာသင်ကျောင်းများ ခြောက်လကြာပိတ်ထားခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

ပညာရေးဝန်ကြီး နာရွန်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာရမည် ဖြစ်ကြောင်း အစောပိုင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

 

ကိုယ်အပူချိန် ၃၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထက်ရှိသည့် မည်သည့်ကျောင်းသားမဆို စာသင်ကျောင်းအတွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ် ဟု ထိုဝန်ကြီးက ဆိုသည်။

 

စာသင်ခန်းတစ်ခန်းတွင် ကျောင်းသားဦးရေ ၂၀ မှ ၂၅ ဦး ထက် ကျော်လွန်ခြင်းမရှိစေရဟု ၎င်းက ပြောကြားသည်။

 

ကျောင်းသားများအနေဖြင့် သီတင်းပတ်တစ်ပတ်လျှင် နှစ်ရက်၊ သုံးရက်သာ ကျောင်းတက်ရန် စီစဉ်ထားပြီး ကျန်ရှိနေသောကျောင်းသားများမှာ နေအိမ်များ၌သာ သင်ယူကြရန် ထပ်လောင်းပြောကြားထားသည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ ၂၇၄ ဦး ရှိပြီး ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၇၂ ဦး ရှိကြောင်းနှင့် ထိုကူးစက်ခံရမှုကြောင့် သေဆုံးသူ မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ဆရာများနှင့် ကျောင်းသားများသည် မျက်နှာဖုံးများ  တပ်ဆင်ရမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ ခန္ဓာကိုယ်အပူချိန်ကို စစ်ဆေးရမည်ဖြစ်ကြောင်းနှင့် လက်များကို ဆပ်ပြာများ၊ အရက်ပျံများ၊ ဂျယ်လ်များဖြင့် ပုံမှန်ဆေးကြောခြင်းနှင့် စာသင်ခန်းအတွင်း ကျောင်းသားအချင်းချင်း ၁ မီတာခွဲ အကွာ နေထိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို