ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၈၈၀၀၀၀ ကျော် ရှိလာ

၇ စက်တင်ဘာ

 

 

ကမ္ဘာတစ်ဝန်းတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၈၈၀၀၀၀ ကျော် ရှိလာသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE)၏ ပြောကြားချက်အရ သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၆၉၅၁၈၃၈ ရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၈၈၀၇၇၉ အထိ ရှိကြောင်း CSSE ၏ အချက်အလက်များက ဖော်ပြထားသည်။

 

 

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အများဆုံး ဖြစ်ပွားသော နိုင်ငံဖြစ်နေပြီး ကူးစက်ခံရသူပေါင်း ၆၂၆၂၉၈၉ ရှိပြီး ထိုကူးစက်မှုကြောင့် သေဆုံးသူဦးရေ ၁၈၈၇၁၁ ရှိသည်။ ယင်းရောဂါ ကူးစက်ခံရမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ သေဆုံးမှုများအနက် ငါးပုံတစ်ပုံ သေဆုံးမှု ဖြစ်ပွားသော နိုင်ငံ ဖြစ်သည်။

 

 

ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁၂၃၀၀၀ ရှိပြီး သေဆုံးသူ ၁၂၆၂၀၃ ဦး ရှိသည်။ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိမြောက် ရောဂါအများဆုံး ဖြစ်ပွားသော နိုင်ငံဖြစ်သည်။

 

 

အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် ရောဂါကူးစက်မှုနှင့် သေဆုံးမှု တတိမြောက် အများဆုံး နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူဦးရေ ၄၁၁၃၈၁၁ ရှိပြီး သေဆုံးသူ ၇၀၆၂၆ ဦး ရှိသည်။

 

 

ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၃၀၀၀၀ ကျော်ရှိသော အခြားနိုင်ငံများမှာ မက္ကဆီကို၊ ဗြိတိန်၊ အီတလီနှင့် ပြင်သစ်နိုင်ငံ တို့ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို