ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု  ၁၇ သန်းကျော်ရှိ

၃၀ ဇူလိုင်

 

 

ဇူလိုင် ၃၀ ရက်နေ့တွင်  ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၇ သန်းကျော် ရှိပြီဟု ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာ၏ လတ်တစ်လော ကိန်းဂဏန်း အချက်အလက် ဖော်ပြချက်အရ သိရသည်။

 

 

နောက်ဆုံးရရှိသော သတင်းအချက်အလက်အရ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၀၂၉၁၅၅ ဦး ရှိပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၆၇၀၁၁ ဦး ရှိသည်ဟု ဖော်ပြထားသည်။

 

 

အမေရိကန်နိုင်ငံသည် ကမ္ဘာတွင် ကူးစက်မှု အများဆုံး ဖြစ်ပွားသည့် နိုင်ငံဖြစ်သည်။ အမေရိကန်တွင် ရောဂါကူးစက်ခံရသူ ၄၄၂၃၉၁၇ ဦး ရှိပြီး ကူးစက်မှုကြောင့် သေဆုံးသူ ၁၅၀၇၁၃ ဦး ရှိသည်။

 

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၅၂၂၆၅ ဦး ရှိပြီး သေဆုံးသူ ၉၀၁၃၄ ဦး ရှိသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၃၀ဝ၀ဝ၀ ကျော်ရှိသော နိုင်ငံများမှာ အိန္ဒိယ၊ ရုရှား၊ တောင်အာဖရိက၊ မက္ကဆီကို၊ ပီရူး၊ ချီလီနှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ကြသည်။

 

 

ဗြိတိန်၊ မက္ကဆီကို၊ အီတလီ၊ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့တွင် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၀ဝ၀ဝ ကျော်ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို