ကမ္ဘာ့ရော်ဘာ တင်ပို့မှု အများဆုံးနိုင်ငံ ထိုင်းနိုင်ငံဖြစ်လာဟုဆို

ဘန်ကောက်  ၁၆ စက်တင်ဘာ


ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများနှင့် ဆောင်ရွက်လျက်ရှိသော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်၏ အကျိုးဆက်ကြောင့် ကမ္ဘာ့ရော်ဘင်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်လာကြောင်းထိုင်းနိုင်ငံ စီးပွားရေးဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးညှိနှိုင်းမှုဌာန၏ ပြောကြားချက်ကို ယနေ့ဆင်ဟွာသတင်းတစ်ရပ်က ဖော်ပြထားသည်။


၂၀၁၈  ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ရော်ဘာတင်ပို့မှုသည် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ရှိခဲ့ကြောင်း၊ ယင်းပမာဏသည် ထိုင်းနိုင်ငံ ကုန်ပစ္စည်း တင်ပို့မှု၏ ၁ ဒသမ ၈၂ ရာခိုင်နှုန်းရှိကြောင်း ကုန်သွယ်ရေးညှိနှိုင်းမှုဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ  ဆပ်သာဝီသမ်က ပြောကြားခဲ့သည်။


တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ရော်ဘာတင်ပို့မှုသည်  အမေရိကန်ဒေါ်လာ  ၁  ဒသမ  ၉၆  ဘီလီယံရှိခြင်းကြောင့်  တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏  အကြီးဆုံး ဈေးကွက်ဖြစ်ကြောင်းနှင့်  အဆိုပါ ပမာဏသည် ၂၀၁၈ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ ရော်ဘင်တင်ပို့မှု စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သို့လည်း ရော်ဘာများတင်ပို့လျက် ရှိသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်