ကမ္ဘာ့ဖလားဆုယူပြီး အိမ်ပြန်ရောက်လာခဲ့တဲ့ အမေရိကန်အမျိုးသမီးအသင်း

၉ ဇူလိုင်

 

ကမ္ဘာ့ဖလားဆုဖလားယူပြီး အမေရိကန်မြေကို ပြန်ရောက်လာတဲ့ အမျိုးသမီးဘောလုံးအသင်းဟာ မနေ့က  နယူးရက်ခ်နိုင်ငံတကာလေဆိပ်ကို ရောက်ရှိရာ ကော်ဇောနီခင်းပြီးကြိုဆိုတာကို တွေ့ရပါတယ်။ 

 

ပြင်သစ်နိုင်ငံ လီယွန်မြို့မှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံလုပွဲကို နယ်သာလန်အသင်းနဲ့ အမေရိကန်အသင်းတို့ယှဉ်ပြိုင်ရာ အမေရိကန်အမျိုးသမီးအသင်းက ၂-ဝ ဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။ 

 

ပြင်သစ်နိုင်ငံမှာ ချန်ပီယံလုပွဲယှဉ်ပြိုင်ကစားနေစဉ် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်ရှိ နေရှင်နယ် ဟာဘာ မှာ တိုက်ရိုက်ကြည့်ရှုပြီး အားပေးနေကြတာကို တွေ့ရပါတယ်။ 

 

ဘောလုံးပွဲကြည့်ပြီး အမျိုးသမီးအသင်းရဲ့ အောင်မြင်မှုကို အီလီနွန်းရှိ အမျိုးသမီးဘောလုံးသမားကလည်း အမေရိကန်အမျိုးသမီးဘောလုံးအသင်းရဲ့ အောင်မြင်မှုကို ဂုဏ်ယူကြောင်း၊ ဒီအမျိုးသမီးတွေက သူတို့လုပ်နိုင်တယ်ဆို ပြလိုက်တာသာဖြစ်တယ်။ သူတို့က တချိန်လုံး ခက်ခက်ခဲခဲနဲ့ ကြိုးစားရယူခဲ့တာသာဖြစ်တယ်။ ဒီပွဲက အကောင်းဆုံးဘောလုံးပွဲဖြစ်တယ်လို့ ဂုဏ်ယူစွာဖြင့် ပြောကြားပါတယ်။ 

 

MDN
ကိုးကား- AFP