ကမ္ဘာ့ကျောက်မီးသွေးလောကနှင့် မြန်မာ့ကျောက်မီးသွေး စာအုပ်ထွက်ရှိ

ရန်ကုန် ၁၄ မတ်  

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေ ဗိမာန်က ၂၀၁၇ ခုနှစ်အတွက် စာပေ ဗိမာန်စာမူဆု၊ သုတပဒေသာ(သိပ္ပံ) ပထမဆုရရှိသည့် စာရေးဆရာပန်းတနော် ခင်မောင်မြင့်၏ “ကမ္ဘာ့ ကျောက်မီးသွေးလောကနှင့် မြန်မာ့ ကျောက်မီးသွေး” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

 

ယင်းစာအုပ်တွင် စွမ်းအင် အရင်းအမြစ် အမျိုးမျိုးအနက်ကျောက်မီးသွေး ဖြစ်ပေါ်လာပုံနှင့် တူးဖော်ပုံ၊ အခြားလောင်စာများနှင့် စာလျှင် အကုန်အကျသက်သာပြီး ကမ္ဘာ့နိုင်ငံအတော်များများတွင် အလွယ်တကူရရှိနိုင်၍ ပတ်ဝန်းကျင်ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင်သန့်ရှင်းသော ကျောက်မီးသွေးနည်းပညာသုံး၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေကြပုံ၊ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အခြေအနေ၊ နိုင်ငံ၏စီးပွားရေးနှင့် နည်းပညာအခြေအနေနှင့် စွမ်းအင်လိုအပ်ချက် အခြေအနေများအရ သန့်ရှင်းသော ကျောက်မီးသွေးနည်းပညာဖြင့် လျှပ်စစ် ဓာတ်ထုတ်ယူသင့်ပုံတို့ကို အချက်အလက် ပြည့်ပြည့်စုံစုံဖြင့် ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

 

အဆိုပါစာအုပ်ကို ရောင်းဈေးငွေကျပ် ၁၅၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅) ၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁လမ်းနှင့် ၂၂လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။