ဝေါ ၆ ဧပြီ
ပဲခူးမြို့ ကမာနတ် ဓါတ်အားခွဲရုံမှ ဝေါမြို့သို့ ဓါတ်အားပို့လွှတ်ထားသော 33/11 KV ဓါတ်အားလိုင်းသည် နှစ်ပေါင်း ၆၀ ကျော်ပြီးဖြစ်သည့် ယခုအခါ ဓါတ်အားလိုင်းတွင် တပ်ဆင်အသုံးပြုထားသော ကြွသေီးများမှာ တချို့ တချို့နေရာများတွင် ကွဲပဲ့ ပျက်စီးနေပါသောကြောင့် မိုးကာလမရောက်မီ အချိန်မီ ကြွသေီးများ အသစ်လဲလှယ်တပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ဧပြီ ၇ ရက်နေ့မှ ၈ ရက်နေ့များတွင် မနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီထိ ပဲခူးကမာနတ် ဓါတ်အားခွဲရုံမှ ဓါတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဝေါမြို့နယ်လျှပ်စစ်ဦးစီးဌာနမှ မိဘပြည်သူများနှင့် ဌာနဆိုင်ရာအသီးသီးတို့အား ကြိုတင်အသိပေး အကြောင်းကြားထားကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)


