ကလိန်အောင်မြို့၌ ပြောင်းဖူးပင်များကို စီးပွားဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးလာ

ကလိန်အောင်၊ ၂၀ ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပြောင်းဖူးပင်များ စိုက်ပျိုးခြင်းကိုလည်း စီးပွားဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ပြောင်းဖူးကို စစိုက်ပြီးတာနဲ့ ပိုးသတ်ဆေးဖျန်းတာတို့၊ မြေသြဇာကျွေးတာတို့ ပေါင်းရှင်းပေးရတာတွေကတော့ ပုံမှန်လုပ်ပေးရပါတယ်။ စိုက်ပြီး (၃)လဆိုလျှင် ချိုးလို့ရပါပြီ။ ပြောင်းဖူး တစ်ဧကစိုက်လျှင် ကုန်ကျစရိတ်ကတော့ ကျပ်(၂)သိန်းလောက်ရှိပြီး ကျပ်(၆)သိန်းလောက် ပြန်ရတော့ မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိပါတယ် ဟု ကလိန်အောင်မြို့ ပြောင်းဖူးစိုက်တောင်သူတစ်ဦးက ပြောသည်။

 

ကလိန်အောင်မြို့တွင် သကြားပြောင်းနှင့် ကောက်ညှင်းပြောင်းနှစ်မျိုးကို စိုက်ပျိုးကြပြီး လက်ရှိဈေးနှုန်းမှာ ပြောင်းဖူးအရွယ်အစားအလိုက် အကြီးတစ်ဖူးကို ကျပ် (၂၀၀)၊ အလတ် (၁၅၀)နှင့် အငယ်တစ်ဖူးကို ကျပ် (၁၀ဝ) ဈေးရရှိကာ ထားဝယ်မြို့နှင့် ကံပေါက်တို့မှ ပြောင်းဖူးအဝယ်ဒိုင်များ လာရောက်ဝယ်ယူမှုရှိသလို ကိုယ်တိုင်သွားရောင်းမှုလည်းရှိကြောင်း သိရသည်။

 

ပြန်/ဆက်