ကလေးဝ ၁၅ မေ

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ ထုတ်ချေးခြင်းကို မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ကလေးဝမြို့နယ် နောင်ဖနန် ကျေးရွာအုပ်စု၊ နောင်ဖနန်ကျေးရွာ ခန်းမဆောင်၌ ပေးအပ်ကြောင်း သိရသည်။

 

0235

 

ထိုသို့ပေးအပ်ရာတွင် ကလေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ဉမ္မာရှိန်၊ ကလေးဝမြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ  ဦးဇော်လင်း၊ ကလေးဝမြို့နယ် ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိဝန်ထမ်းများ၊ ကျေးရွာမြစိမ်းရောင် ကော်မတီအဖွဲ့ဝင်များက ဆဌမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်သည်။

 

ထိုသို့ထုတ်ပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း (၁၀၉)ဦးတို့အား ငွေကျပ်သိန်းပေါင်း ၄၃၇ သိန်းကို ထုတ်ပေးခဲ့ပြီး Covid-19 အသိပညာ ပေးလမ်းညွှန်ချက်များနှင့်အညီ ဘေးအန္တရာယ် ကင်းရှင်းစွာ စနစ်တကျပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း ကလေးဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်မိုင်နီလာထွေးထံမှ သိရသည်။

 

ဇော်မင်းဌေး