ကလေးဝမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၁၄ ဇူလိုင်

 

ယနေ့ မွန်းလွဲ ၃ နာရီ ၅၇ မိနစ်တွင် ကလေးဝမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၃.၃၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက် (၆၄)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

 

MDN