ကလေး၊ ၃၀ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ပြည်သူ့အဌားအိမ်ယာအိတ်စွပ်တွင်ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၄)ဦးသည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန်သဖြင့် ဒီဇင်ဘာ ၂၉ ရက်က ဆေးရုံဆင်းပြီဖြစ်ကြောင်း  သိရသည်။

အဆိုပါဆေးရုံဆင်းခွင့်ရရှိကြသူများမှာ ကလေးမြို့ ပင်လုံရပ်ကွက်နေ အမျိုးသားတစ်ဦး၊ ထောက်ကြံ့ကျေးရွာနေ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံဆင်း လက်မှတ်များပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက်လိုက် နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ တိကျလိုက်နာစေရန် မှာကြားခဲ့ကြကာ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ခဲ့ကြောင်း  သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ ၃၅ ဦး ကျန်ရှိ နေပြီး အဆိုပါအတည်ပြုလူနာများကို ကလေးမြို့ ခုတင်-၃၀၀ ဆံ့ ဆေးရုံအထူးကြတ်မတ်ကုဆောင်နှင့် ပြည်သူ့အငှားအိမ်ယာတို့တွင်  ဆေးကုသမှုဆက်လက်ခံယူစေလျက်ရှိကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)