ကလေးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမနှစ်စက်ဝန်းအတွက် လည်ပတ်ရန်ပုံငွေ ၅၆၈ သိန်း ထုတ်ချေးပေး

ကလေး ၁၃  မေ

 

ကလေးခရိုင်၊ ကလေးမြို့နယ် ကျီကုန်းကျေးရွာတွင် ကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် မြစိမ်းရောင်ကျေးရွာ ပဉ္စမနှစ် စက်ဝန်း အတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ကျီကုန်းကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်သည်။

 

8520

 

ယင်းသို့ဆောင်ရွက်ရာတွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာရှိန်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းမြင့်နှင့် ဝန်ထမ်းများက ကျီကုန်းကျေးရွာမှ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၄၁ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၉၃ ဦး၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၈၃ ဦး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၄ ဦး၊အသက်မွေးဝမ်းကျောင်းလုပ်ကိုင်မည့်သူ ၂၂ ဦး၊ စုစုပေါင်း ၂၄၃ ဦးတို့အား မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေ ၅၆၈ သိန်း ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချေးငွေများထုတ်ပေးရာတွင် COVID-19 ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီနှင့် ငွေချေးသူအသင်းသားများအား တစ်ဦးချင်းစီ ချေးငွေများ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်(ပြန်/ဆက်)