ကလေးမြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင် ရစ် (ခ်) တာစကေး ၄ ဒသမ  ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ဒီဇင်ဘာ ၂၈

 

ဒီဇင်ဘာလ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီ၊ ၄၃ မိနစ်၊ တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက် ၄၆ မိုင်ခန့်အကွာ၊ ကလေးမြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၉၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၂၄ ဒီဂရီ၊ အနက် ၂၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ  ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

Credit> မိုးဇလ